ကျနော်တင် သမျှpost တွေမိတ်ဆွေတို့ရဲ့wallမှာတက်စေချင် ရင် ဒီpage လေးlike လုပ်ထားနိုင် ပါတယ်ခင် ဗျ!

https://m.facebook.com/profile.php?id=1554647608111401

Monday, December 29, 2014

Lenovo S920 ကို Stock Rom Flashing လုပ်နည်ုး

Lenovo S920ကို Stock Rom Flashing လုပ်နည်း
_ _ _ _ _ _ _ _ _ _ _ _

ကျွန်တော်အခု ပြောပြသွားမယ့်အကြောင်းအရာကတော့ သိပြီးသူလဲသိပြီးသားဖြစ်မှာပါ ဒါပေမဲ့ မသိသေးတဲ့သူတွေအတွက် ရည်၇ွယ်ပြီးတော့တင်ပြသွားမှာဖြစ်ပါတယ်။ Lenovo S920 ဖုန်းတွေရဲ့ Stock ROM ကိုဘယ်လို Flashing လုပ်တဲ့အကြောင်းတွေကို အခုတင်ပြသွားမှာဖြစ်ပါတယ်။ SP Flash Tool ကိုအသုံးပြုပြီးတော့ဘဲ တင်ပြသွားမှာဖြစ်ပါတယ်။ အရင်ဆုံး အောက်ကပေးထားတဲ့ လင့်တွေမှာလိုအပ်တဲ့ ဖိုင်တွေကို အရင် ဒေါင်းထားပါ။

MTK6589 Driver
http://www.mediafire.com/download/4qt99xsbycxiteo/MTK6589-Driver.rar

SP Flash Tool
http://www.mediafire.com/download/mzcds8lfxid34xz/SP_Flash_Tool_v3.1304.0.119_PreloadUpdate.rar

Internation ROM ကို translate လုပ်ထားတဲ့ Link ပါ
https://translate.yandex.com/translate?url=http%3A%2F%2Flenovo-forums.ru%2Fforum%2F161-lenovo-s920-%25D0%25BF%25D1%2580%25D0%25BE%25D1%2588%25D0%25B8%25D0%25B2%25D0%25BA%25D0%25B8%2F&lang=ru-en

International Base ROM
http://lenovo-forums.ru/forum/161-lenovo-s920-прошивки/

Chinese Base ROM (Change 02-07-2014)
http://www.needrom.com/download/lenovo-s920-9/

အားလုံးဒေါင်းပြီးပြီဆိုလျှင် အကုန်လုံးကို Extract လုပ်ပါ။ Extract လုပ်ပြီးလျှင်
Stock ROM စတင်တင်ဖို့အတွက် အရင်ဆုံး Driver ကို run ရပါမယ်။ Driver run ဖို့အတွက် စောစောက extract လုပ်ထားတဲ့အထဲမှာ MTK6589 Driver ဆိုတဲ့ Folder ကိုဝင်ပါ။ အဲထဲမှာ install_driver.exe ကိုတွေ့ရင် double click နှိပ်ပြီး run ပေးလိုက်ပါ။

အဲဒီမှာ Windows Security Warning box ပေါ်လာရင် Install this driver software anyway ကို click နှိပ်လိုက်ပါ။ ခဏစောင့်ပြီး Exit confirm box ပေါ်လာရင် Exit ကို click နှိပ်လိုက်ပါ။ ဒါဆို installation finish ဖြစ်သွားပြီးလို့ဆိုလို့ရပါတယ်။ ပြီးရင် ကွန်ပျူတာကို restart ချလိုက်ပါ။

ပြန်တက်လာရင် MTK6589 Driver ကို install လုပ်လို့ပြီးဆုံးသွားပါပြီ။ Driver install လုပ်မလုပ်သိချင်ရင်တော့ Lenovo S920 ကို power ပိတ်ပြီး ဘက်ထရီချွတ်လိုက်ပါ။ နောက်
ဘက်ထရီချွတ်ထားတဲ့အတိုင်းပဲ Phone ကို Computer နဲ့ connect လုပ်လိုက်ပါ။ Connect လုပ်ပြီးရင် ဘက်ထရီတပ်လိုက်ပါ။ ဒါဆို ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှုသိမသိ သွားကြည့်ရအောင် My Computer ကို Right click ထောက်ပြီး >>> Device Manager ကိုသွားလိုက်ပါ။ အဲဒီထဲမှာ

MediaTek PreLoader USB VCOM Port ကိုတွေ့ရင် MTK6589 Driver ကို install လုပ်တာအောင်မြင်သွားပါပြီး။

နောက်ဆက်လုပ်စရာရှိတာဆက်လုပ်ကြည့်ရအောင် ……..
ပထမ extract လုပ်ထားတဲ့ Folder တွေထဲကမှ SP_Flash_Tool_v3.1304.0.119 Folder ထဲမှ Flash_tool.exe ကို run လိုက်ပါ။ Run ပြီးသွားရင် DADL ALL With Check Sum ကို On ပေးလိုက်ပါ။

Scatter-loading buttons ဆိုတဲ့ button ကိုတွေ့ရင် click နှိပ်ပြီဝင်လိုက်ပါ။ Browse တစ်ခုကျလာရင် ပထမ extract လုပ်ထားတဲ့ ROM Folder ကိုရောက်အောင်သွားပြီး အဲဒီအထဲမှာမှ MTK6589_Android_scatter_emmc.txt ဖိုင်ကိုရွေးချယ် ပေးလိုက်ပါ။

ရွေးချယ်တာလဲမှန်သွားပြီးဆိုလျှင် download button (သို့) Firmware Upgrade ကိုနှိပ်လိုက်ပါ။ ဒါဆို ဖုန်းကို power ပိတ်ပြီ ပထမက driver သိမသိစမ်းတုန်းကအတိုင်းဆက်သွားပါ။ ကျွန်တော်ပဲထပ်ရှင်းပြလိုက်တော့မယ် မှားကုန်မှာဆိုးလို့ပါ။ Lenovo S920 ကို power ပိတ်ပြီ
battery ချွတ်၊ ပြီးလျှင် ဖုန်းကို ကွန်ပျူတာနဲ့ ကြိုးထိုးလိုက်ပြီး ၂ စက္ကန့်လောက်ထားပြီးမှ battery ကောက်တပ်လိုက်ပါ။
ဒါဆို ပထမတော့ အနီးရောင် ဗားတန်းကအရင်သွားပြီးမှာ နောက် အစိမ်းရောင်တန်းတက်ပြီးမှာပဲ အ၀ါရောင်တန်းတက်လာမှာပါ။ အဲဒီအချိန်မှာတော့ ခဏတော့စောင့်ပေးပါ။

ဒီလိုပုံပေါ်လာရင် Complete ဖြစ်သွားပါပြီ။ အဲဒီအချိန်မှာကွန်ပျူတာနဲ့ ချိတ်ဆက်မှုကို ဖြုတ်ပြီး ဘက်ထရီချွတ်ပြီး ပြန်တပ်ပါ။ ပြီလျှင် Power ပြန်ဖွင့်လိုက်ပြီ ပြန်တက်လာရင်တော့ Lenovo S920 ကို အောင်မြင်စွာနဲ့ Flashing လုပ်နိုင်ခဲ့ပါပြီ။

အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်...

PDF File ဖြင့်သိမ်းချင်သူများအတွက်

http://www.mediafire.com/download/nenhfm74vosbnwx/Lenovo_S920_Stock_ROM_Flashing.pdf

No comments:

Post a Comment