Sunday, December 21, 2014

Samsung Galaxy Note2N7100 firmware

Samsung Galaxy Note2 N7100 ရဲ့ နောက်ဆုံးထွက် Kitkat 4.4.2 firmware ရပါပြီ။ မြန်မာလိုလည်းပါဝင်ပါပြီးသားပါ။


အောက်မှာ လိုအပ်တဲ့ ဖိုင်တွေ ဒေါင်းပြီး Firmware တင်နည်းကို ဆက်ကြည့် လိုက်ပါ။ ကျနော် ပုံနှင့်တကွ နားလည်အောင် ၊သေခြာ ရှင်းပြ ထားပါတယ်။


Download SAMSUNG_USB_Driver

Download Odin 3.09

Download Samsung Galaxy Note2 N7100 firmware

Firmware ကိုဒေါင်းပြီးရင် တင်နည်းကို ဆက်ကြည့်လိုက်ပါ။ 

အရင်ဆုံးဖုန်း firmware ကိုရလျှင် Zip ဖြေလိုက်ပါ။ (Extract Firmware Zip File That Your Downloaded)နောက်ပြီး ရင် Odin ကို ကွန်ပျူတာမှာ ဖွင့်လိုက်ပါ။


ဖုန်းကို ပိတ်ပြီးရင် ဖုန်းရဲ့ Volume Down + Power+ Home သုံးခုကို တွဲနှိပ်ပြီး


Download Model Welcome Screen ပေါ်လာရင် Vol up ကိုနှိပ်ပြီး Download Mode ထဲသို့ဝင်ပါ ဒါဆိုရပါပြီ။)



ပုံမှာပြထားတဲ့အတိုင်း Downloading Mode ရောက်ရင် ကွန်ပျူတာနဲ့ USB ကြိုး ချိတ်ဆက်လို့ရပါပြီ။အင်တာနက်လိုင်း တော့ရှိရမယ်နော်။ USB ချိတ်ဆက်ပြီး ခနစောင့်ပေးလိုက်ပါ။ ကွန်ပျူတာကနေ ဖုန်းရဲ့ Driver ကို Auto ဒေါင်းပေးပါလိမ့်မယ်။ ခနနေကြာရင် Odin ရဲ့ ID.com အောက်မှာ အရောင်လေးသမ်းလာ ပါလိမ့်မယ်။


ပီးရင် Odin ရဲ့ AP မှာ အခုန Firmware ကို Zip ဖြေထားတဲ့အထဲက tar.md5 ဆိုတဲ့ဖိုင်ကိုယူပါ။ SS.DLL ဖိုင်ကိုလုံးဝမယူမိ ပါနဲ။


ပီးရင် အ၀ိုင်းလေးလည်တာကို ခန စောင့်ပေးလိုက်ပါ။ ၁ မိနစ်လောက် စောင့်ပြီး ဘယ်ဘက် အောက်နားက Start ကိုနိပ်ပါ။ Firmware ရေးနေတာကို Odin မှာ ပြပါလိမ့်မယ်။ ပုံကိုကြည့်လိုက်ပါ။


၁၅ မိနစ်လောက်စောင့်ရပါတယ်။ ခဏကြာရင် PASS ပြပါလိမ့်မယ်။ ဖုန်းက Auto Reboot ကျသွားလိမ့်မယ်။ ပြန်တင်လာရင် ဖန်းဝဲတင်ခြင်းအောင်မြင်ပြီးဆုံးပါပြီ။


ဖုန်းက ပြန်တက်လာလို့ Samsung Logo မှာလည်းနေရင် ဖုန်းကို ဓာတ်ခဲ့ဖြုတ်ပြီးပြန်တပ် Volume Up+ Power+Home တွဲနှိပ်ပြီး Recovery Mode ၀င်ပါ။ အဲထဲမှာ Factory Data Reset လုပ်ပေးပြီး Reboot System Now နှိပ်လိုက်ပါ။


ဖုန်းပြန်ပွင့်လာရင် အားလုံး အိုကေပါပြီ။ အခုမိမိဖုန်းမှာ မြန်မာစာ ပါဝင်တဲ့ ဖုန်းလေး  အသုံးပြုနိုင်ပါပြီ။ 


Firmware တင်နည်းကို နည်းပညာအားနည်းသမားတွေ နားလည်စေချင်လို့ တဆင့်ချင်း ပုံနှင့်သေခြာပြထားတာပါ။ ဒီလောက်ဆို အားလုံး အဆင်ပြေပြေနဲ့ လုပ်တတ် လိမ့်မယ်လို့ မျှော်လင့်ပါတယ်။



အားလုံးပဲးအဆင်ပြေပါစေ


ကျတော်ပြန်လည်မျှဝေပေးလိုက်တဲ့ အရာတစ်ခုပာာ 

တစ်ဦးတစ်ယောက်အတွက်   အထောက်အကူဖြစ်မယ်ဆို 

ကျနော်ကျေနပ်ပါတယ်။     အားပေးနေသော Mobile 

User အားလုံးအတွက် အကောင်းဆုံးဖြစ်အောင်  

ကြိုးစားနေပါမယ်။


KyawOo(နည်းပညာ)

No comments:

Post a Comment